ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၃-၁-၂၀၂၅) ရက်နေ့တွင် ညောင်တုန်းမြို့ အ-မ-က ပန်းဧရာကျောင်း၌ ကျား (၁၂၆) ဦး၊ မ (၁၁၃) ဦး၊ စုစုပေါင်း (၂၃၉) ဦးအား ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ခဲ့ပြီး (၉-၁-၂၀၂၅) ရက်နေ့တွင် အ-မ-က စျေးဦးကျွန်းညောင်တုန်းမြို့တွင် ကွင်းဆင်းဆေးကုသမှုပေးခဲ့ရာ ကျား (၃၈) ဦး၊ မ (၃၇) ဦး၊ စုစုပေါင်း (၇၅) ဦးအား ကွင်းဆင်းဆေးကုသမှုများဆောင်ရွက်ပေး ခဲ့ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။