တိုင်းရင်းဆေးပညာဦးစီးဌာန(ရုံးချုပ်)နှင့် တိုင်းရင်းဆေးပညာဦးစီးဌာန ပဲခူးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှုကိုခံယူ၍ ဖြူးမြို့ (၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်တင်နွယ်ဝင်း၊ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ဇင်မင်းထွန်း၊ အကြီးတန်းစာရေး ဒေါ်မြစန်းအေးနှင့် ဖြူးမြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြိုနယ် တိုင်းရင်းဆေးမှူး ဒေါ်ဝင်းဝင်းအေးတို့ပူးပေါင်း၍ ဖြူးမြို့ဘိုးဘွားရိပ်သာ၌ အဘိုး၊ အဘွားများ အား ဆေးကုသမှုများဆောင်ရွက်ပေးခဲ့ရာ ကျား (၂၇) ဦး၊ မ (၃၀) ဦး၊ အဘိုးအဘွား စုစုပေါင်း (၅၇) ဦးအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေး ခဲ့ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။