the republic of the union of myanmar

ministry of health

Department of Traditional Medicine

တိုင်းရင်းဆေးပညာဦးစီးဌာန၊ ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီ (၁/၂၀၂၅) အစည်းအဝေးကျင်းပ

Error message

Notice: Undefined index: field_images in include() (line 5 of /var/www/html/sites/all/themes/dtm/template/node/node--article.tpl.php).

တိုင်းရင်းဆေးပညာဦးစီးဌာန၊ ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီ (၁/၂၀၂၅) အစည်း အဝေးကို (၁၅-၁-၂၀၂၅) ရက်နေ့တွင် တိုင်းရင်းဆေးပညာဦးစီးဌာန ရုံးအမှတ်(၄၇) အစည်း အဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ တိုင်းရင်း ဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေး၊ အတွင်းရေးမှူး ဒုတိယညွှန်ကြားရေး မှူးချုပ် ဒေါက်တာထွန်းမြင့်အေး၊ တွဲဖက်အတွင်းရေးမှူး ညွှန်ကြားရေးမှူး(ဆေးဝါး/ဥယျာဉ်) ဒေါက်တာမြင့်မြင့်သန်းနှင့် ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီ အဖွဲ့ဝင်များဖြစ်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဥပဒေမူကြမ်းစိစစ်ရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ပါမောက္ခ(ဆေးပညာဌာန) နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)၊ ပါမောက္ခ/ဌာနမှူး (ဆေးဝါးဗေဒဌာန) ဆေးတက္ကသိုလ်(၁)(ရန်ကုန်)၊ တိုင်းရင်းဆေးတက္ကသိုလ် ဆေးပညာဌာနနှင့် ဆေးဝါးဗေဒဌာနမှ ပါမောက္ခ/ဌာနမှူးများ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ၊ မြန်မာနိုင်ငံတိုင်းရင်း ဆေးဆရာအသင်း(ဗဟို)၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့များမှ ကိုယ်စားလှယ်များ တက်ရောက်ကြောင်း သိရှိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

အိမ်ရှင်မများအတွက် မိမိပတ်ဝန်းကျင်ရှိဆေးဖက်ဝင်အပင်ဖြစ်သော အစာလည်းဆေး၊ဆေးလည်းအစာ စောင်းလျားသီးအကြောင်း သိကောင်းစရာ
အစာလည်းဆေး ဆေးလည်းအစာ ၊ ခွေးတောက်ပင်အကြောင်းသိကောင်းစရာ
ဆေးပင်စားပင် ကြက်ဟင်းခါးပင်
တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ