တနင်္သာရီတိုင်းဒေသကြီး၊ မြိတ် (၂၅) ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ (၇-၁-၂၀၂၅) ရက်နေ့တွင် ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ခင်မာကြူ ဦးဆောင်သောအဖွဲ့သည် မြိတ်ဘိုးဘွားရိပ်သာ သွားရောက်၍ အဘိုး (၅) ဦး၊ အဘွား (၆) ဦး၊ စုစုပေါင်း (၁၁) ဦးအား “တိုင်းရင်းဆေးပညာ အကြောင်း” ဟောပြောပြီး တိုင်းရင်းဆေးပညာဖြင့် ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။