ပဲခူးတိုင်းဒေသကြီး၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှု ဖြင့် ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့ (၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံ (၇-၁-၂၀၂၅) ရက်နေ့တွင် ဒေါ်ခင်စန်းလှိုင်( ဆေးရုံအုပ် )ဒေါ်အေးငြိမ်းစံ (လက်ထောက် တိုင်းရင်းဆေးမှူး)၊ မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ဒေါ်ခင်မျိုးဆွေ (လက်ထောက်တိုင်းရင်း ဆေးမှူး) တို့ပူးပေါင်း၍ ရေတာရှည်မြို့ သီတဂူဗြဟမဝိဟာရီ (ပရဟိတ အသက်မွေးဝမ်း ကျောင်း) သို့ သွားရောက်ကာ သင်တန်းသူ (၃၀)ဦးကို သည် ဆောင်းရာသီတွင်ဖြစ်တက်သော ရောဂါများမှ နှာစေး၊ ချောင်းဆိုးရောဂါ ပြုစုခြင်းအကြောင်းကို အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး သီလရှင်ဆရာကြီးများ၊ သင်တန်းသူများ၊ ရပ်ကွက်အတွင်းရှိ ပြည်သူများ ကျား ( ၃၅ ) ဦး ၊ မ (၉၇) ဦး၊ စုစုပေါင်း (၁၃၂) ဦး အား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ ကြောင်း သိရသည်။