နေပြည်တော် တပ်ကုန်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၆-၁-၂၀၂၅) ရက်နေ့တွင် ဆရာမ ဒေါ်ဖြူဖြူလွင်နှင့်အဖွဲ့သည် တပ်ကုန်းမြို့ အနော်ရထာရပ်ကွက် ပျိုးဥယျာဉ် ဘိုးဘွားရိပ်သာတွင် လူကြီး(ကျား) ၁၅ ဦး၊ လူကြီး(မ)၃၂ ဦး၊ စုစုပေါင်း ၄၇ ဦးတို့အား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။