ရှမ်းပြည်နယ် ခုတင်(၅၀)ဆံ့ တိုင်းရင်းဆေးရုံ အေးသာယာ(တောင်ကြီး)မှ ၂၈-၁၂-၂၀၂၄ ရက်နေ့တွင် ရှမ်းပြည်နယ် ခုတင်(၅၀)ဆံ့ တိုင်းရင်းဆေးရုံ အေးသာယာ(တောင်ကြီး)မှ ဆေးရုံအုပ်နှင့်ဆရာမ(၈)ဦးတို့သည် တောင်ကြီးမြို့နယ် နမ့်ဟူကျေးရွအုပ်စု ပလီလင်းကျေးရွာ ပလီလင်းထာဝရဓမ္မရိပ်သာအတွင်းရှိ ဘိုးဘွာရိပ်သာသို့ သွားရောက်ပြီး အဘိုး(၁၂)ဦး အဘွား(၃၁)ဦး စုစုပေါင်း(၄၃)ဦး ကျား(၂၀)ဦး မ(၂၄)ဦး ကျားလေး(၁)ဦး စုစုပေါင်း(၈၈)ဦးတို့အား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။