မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၁၂-၁၂-၂၀၂၄) ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်စိုပြေဝင်းသည် ဘူတာရပ်ကွက်ရှိ အ-မ-က ကျောင်းသို့ ကျောင်းကျန်းမာရေး ကွင်းဆင်းဆေးကုခဲ့ရာတွင် ကျား ကလေး (၅၈) ဦး၊ မ လူကြီး (၆) ဦး ၊ မကလေး (၇၃) ဦး၊ စုစုပေါင်း (၁၃၇) ဦးအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။