the republic of the union of myanmar

ministry of health

Department of Traditional Medicine

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့(၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

ပဲခူးတိုင်း​ဒေသကြီး၊ ရေတာရှည်​မြို့(၁၆) ခုတင်ဆံ့ တိုင်းရင်း​ဆေးရုံမှ ပဲခူးတိုင်း​ဒေသကြီး၊ တိုင်း​ဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်​မှုဖြင့်​ ရေတာရှည်​မြို့(၁၆) ခုတင်ဆံ့ တိုင်းရင်း​ဆေးရုံမှ (၁၂-၁၂-၂၀၂၄) ရက်​နေ့တွင်​ ​ဆေးရုံအုပ် ဒေါ်ခင်​စန်းလှိုင်​၊ လက်​ထောက်​တိုင်းရင်း​ဆေးမှူး ဒေါ်​အေးငြိမ်းစံ၊ မြို့နယ်​တိုင်းရင်း​ဆေးကုဌာနမှ ​လက်​ထောက်​တိုင်းရင်း​ဆေးမှူး ဒေါ်ခင်​မျိုး​ဆွေ တို့ပူး​ပေါင်း၍​ ရေတာရှည်​မြို့ ဘိုးဘွားရိပ်သာသို့​သွား​ရောက်​၍ အဘိုး၊ အဘွားနှင့်​ ဝန်​ထမ်းများ (၃၈) ဦးတို့ကို ဆေးရုံအုပ်​ ဒေါ်ခင်​စန်းလှိုင်​မှ​ ဆောင်းရာသီတွင်​ဖြစ်​တက်​သော​ရောဂါများမှ “၀မ်းချုပ်​ခြင်းအ​ကြောင်း”အသိပညာများ​ပေးခဲ့ပြီး၊ ​ ကျား (၁၅) ဦး၊ မ (၂၀) ဦး၊ စုစု​ပေါင်း (၃၅ ) ဦးအား ကျန်းမာ​ရေး​စောင့်​ရှောက်​မှု​များဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

ဆေးပင်စားပင် ကြက်ဟင်းခါးပင်
တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း