ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၁၁-၁၂-၂၀၂၄) ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဦးတင်ဖြိုးအောင် ဦးဆောင်သောအဖွဲ့သည် ရာဇသင်္ကြန် ရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ရပ်ကွက်နေပြည်သူများအား တိုင်းရင်းဆေးဖြင့် လူကြီး (ကျား) (၁၄) ဦး၊ လူကြီး (မ) (၃၃) ဦး၊ စုစုပေါင်း (၄၇) ဦး တို့အား ကျန်းမာရေးစောင့်ရှောက်ပေးခဲ့ပြီး လူဦးရေ (၂၃) ဦးတို့ကို “ဆောင်းရာသီ၌ဖြစ်ပွားတတ်သောရောဂါများအကြောင်း” အသိပညာပေး ဟောပြောခဲ့ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။