the republic of the union of myanmar

ministry of health

Department of Traditional Medicine

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းခရိုင် တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းခရိုင် တိုင်းရင်းဆေးကုဌာနမှ (၁၁-၁၂-၂၀၂၄) ရက် ဗုဒ္ဓဟူးနေ့၊ နံနက် (၉) နာရီ မှ (၁၁) နာရီအထိ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်သိမ့်သိမ့်ဖြိုး ဦးဆောင်ပြီး အကြီးတန်းစာရေး ဒေါ်ခင်မေသက်တို့အဖွဲ့သည်  လွတ်လပ်ရေး အ.မ.ကကျောင်းတွင် လူဦးရေ (၁၅၀) ဦးအား “တုတ်ကွေးရောဂါအကြောင်း” အသိပညာပေးဟောပြောခဲ့ပြီး ကျား လူကြီး (၂၁) ဦး၊ မ လူကြီး (၃၆) ဦး၊ ကျား ကလေး (၁၇) ဦး၊ မ ကလေး (၉) ဦး၊ စုစုပေါင်း (၈၃) ဦးတို့အား ကွင်းဆင်းဆေးကုသမှုများဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

ဆေးပင်စားပင် ကြက်ဟင်းခါးပင်
တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း