ပဲခူးတိုင်းဒေသကြီး၊ တိုင်းရင်းဆေးပညာဉီးစီးဌာန တိုင်းဒေသကြီဉီးစီးဌာနမှူး၏လမ်းညွှန်မှုဖြင့် ပြည်ခရိုင်ပေါင်းတည်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၇-၁၂-၂၀၂၄) မှ (၁၁-၁၂-၂၀၂၄) ရက်နေ့ထိ မြို့နယ်တိုင်းရင်းဆေးမှူး ဦးနေဝင်းနှင့် အထွေထွေလုပ်သား ဦးအောင်ကိုကိုတို့သည် ပေါင်းတည်မြို့ အတွင်းလမ်းမိုးကုတ် တရားစခန်းတွင် တိုင်းရင်းဆေးဖြင့် ကွင်းဆင်းဆေးကုသမှုပေးခဲ့ပြီး ကျား (၄၃) ဦး၊ မ (၆၆) ဦး၊ လူနာစုစုပေါင်း (၁၀၉) ဦးအား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။