ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၈-၁၂-၂၀၂၄) ရက်နေ့တွင် မြို့နယ် တိုင်းရင်းဆေးမှူး ဒေါ်နန့်တင်တင်အေးသည် တညင်ကုန်းကျေးရွာသို့သွားရောက်၍ ကွင်းဆင်းဆေး ကုသမှုပေးခဲ့ရာ ကျား(၅)ဦး၊ မ(၃၀)ဦး၊ လူနာစုစုပေါင်း (၃၅)ဦးအား ဆေးကုသမှုပေးခဲ့ပြီး “ရာသီအလိုက်ဖြစ်တတ်သောရောဂါများအကြောင်း” လူဦးရေ (၃၀) ဦးအား ဟောပြောခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။