the republic of the union of myanmar

ministry of health

Department of Traditional Medicine

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ ခုတင် (၅၀၀) အထွေထွေရောဂါကုဆေးရုံကြီးတွင် အကူသူနာပြု (၉)လ သင်တန်းအပတ်စဉ်(၄) အခြေခံတိုင်းရင်းဆေးရက်တို သင်တန်းဖွင့်လှစ်သင်ကြားပေးခြင်း

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ ခုတင် (၅၀၀) အထွေထွေရောဂါကုဆေးရုံကြီးတွင် (၂-၁၂-၂၀၂၄)မှ   (၆-၁၂-၂၀၂၄) ရက်နေ့၊ ‌နေ့လည် (၁၂:၀၀)နာရီထိ အကူသူနာပြု (၉)လ သင်တန်းအပတ်စဉ်(၄)မှ သင်တန်းသား/သင်တန်းသူများအား (၂၅) ခုတင်ဆံ့ ပြည်တိုင်းရင်းဆေးရုံမှ ‌ဆေးရုံအုပ်နှင့် ဆရာမများမှ အခြေခံတိုင်းရင်းဆေးရက်တို သင်တန်းဖွင့်လှစ်သင်ကြားခဲ့ပြီး (၆-၁၂-၂၀၂၄) မွန်းလွဲ (၂:၀၀) နာရီမှ ညနေ (၄:၀၀) နာရီထိ တိုင်းရင်းဆေးဘာသာရပ် သင်ကြားတတ်မြောက်မှု စစ်ဆေးခြင်းများပြုလုပ်ခဲ့ကြောင်းသိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

ဆေးပင်စားပင် ကြက်ဟင်းခါးပင်
တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း