the republic of the union of myanmar

ministry of health

Department of Traditional Medicine

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ဖြူးမြို့နယ် တိုင်းရင်းဆေးကုဌာနနှင့် ဖြူး(၁၆) ခုတင်ဆံ့တိုင်းရင်းဆေးရုံတို့ပူးပေါင်း၍ ကွင်းဆင်း ဆေးကုသမှုပေးခြင်း

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ဖြူးမြို့နယ် တိုင်းရင်း​ဆေးကုဌာနနှင့် ဖြူး(၁၆) ခုတင်ဆံ့တိုင်းရင်း​ဆေးရုံတို့ပူးပေါင်း၍ ပဲခူးတိုင်း​ဒေသကြီးဦးစီးဌာနမှူး၏လမ်းညွှန်ချက်ဖြင့် တောင်ငူခရိုင် ဖြူးမြို့နယ် တိုင်းရင်း​ဆေးကုဌာနမှ (၅-၁၂-၂၀၂၄) ရက်​နေ့တွင် မြို့နယ်တိုင်းရင်း​ဆေးမှူး​ဒေါ်ဝင်းဝင်း​အေးသည် ​ ဖြူး (၁၆) ခုတင်ဆံ့ တိုင်းရင်း​ဆေးရုံမှ ဒုတိယ​ဆေးရုံအုပ်​ ဒေါ်စိုးလတ်မီ၊ ဒုတိယတိုင်းရင်း​ဆေးမှူး​ဒေါ်တင်နွယ်ဝင်း၊ ​ဒုတိယတိုင်းရင်း​ဆေးမှူး ဒေါ်ဇင်မင်းထွန်း၊ အကြီးတန်းစာ​ရေး​ ဒေါ်မြစန်း​အေး တို့နှင့်ပူး​ပေါင်း၍ ဖြူးဘိုးဘွားရိပ်သာသို့ ကွင်းဆင်း​ဆေးကုသမှု​များဆောင်ရွက်ခဲ့ရာ အဘိုး(၈) ဦး၊ အဘွား (၃၁) ဦး၊ စုစု​ပေါင်း (၃၉) ဦး အား​ ဆေးကုသမှုများဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းသိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

ဆေးပင်စားပင် ကြက်ဟင်းခါးပင်
တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း