ရှမ်းပြည်နယ်၊ မိုင်းယောင်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၃-၁၂-၂၀၂၄) ရက်နေ့တွင် မိုင်းယောင်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဒေါ်သီတာအောင်နှင့်အဖွဲ့သည် မိုင်းယောင်းမြို့နယ်၊ အောင်မြင်ကျေးရွာတွင် တိုင်းရင်းဆေးပညာအကြောင်း အသိပညာပေးဟောပြောပြီး လူနာဦးရေ (၇၈) ဦးအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။