ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၂၃.၁၀.၂၀၂၄) ရက်နေ့ နံနက်(၁၀)နာရီတွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်မေသန်းမြင့်ထွေးနှင့် လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်စိုးစိုးဦးတို့ပါဝင်သော ကွင်းဆင်းအဖွဲ့သည် ဇမ္ဗူရတနာစာသင်တိုက်သို့သွားရောက်၍ စာသင်သားသံဃာ(၃၀)ဦးအား " ရာသီပြောင်း တွင်ဖြစ်ပွားတတ်သောရောဂါများနှင့်တိုင်းရင်းဆေးပညာ " အကြောင်းပညာပေးဟောပြောခဲ့ပြီး၊ စာသင်သား သံဃာ (၂၅)ဦးအား တိုင်းရင်းဆေးဖြင့်ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။