ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၂၂-၁၀-၂၀၂၄) ရက်နေ့တွင် အ.မ.က-ဘုရားကြီးအနောက်ကျောင်း၌ ကျောင်းကျန်းမာရေးဆောင်ရွက်ခဲ့ရာ လူကြီး(ကျား)၁ ဦး၊ လူကြီး(မ)၅ဦး၊ ကလေး(ကျား)၁၁ဦး၊ ကလေး(မ)၁၉ဦး၊ စုစုပေါင်း၃၆ဦး ဆေးကုသပေးပြီး၊ "အဆုတ်အအေးမိ ရောဂါအကြောင်း"ပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။