ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်/မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ၁၁.၁၀.၂၀၂၄ ရက်နေ့တွင် ခရိုင်/ မြို့နယ်တိုင်းရင်းဆေးမှူး တို့သည် အထက (၁) မအူပင်မြို့သို့ သွားရောက်၍ ကျောင်းကျန်းမာရေး ကွင်းဆင်းဆေးကုသစစ်ဆေးပေးခဲ့ရာ မူလတန်းအဆင့်ရှိကျောင်းသား (၃၀) ဦး၊ကျောင်းသူ (၃၅) ဦး စုစုပေါင်း (၆၅) ဦး နှင့် ၁၄.၁၀.၂၀၂၄ ရက်နေ့တွင် အ.မ.က ဈေပိုင်းကျောင်းတွင် ကျောင်းသား (၁၇)ဦး၊ ကျောင်းသူ(၂၅)ဦး စုစုပေါင်း (၄၂)ဦး တို့အား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။