ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် တွံတေးမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ၁၃.၁၀.၂၀၂၄ ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်နွယ်နွယ်ဦးနှင့်အဖွဲ့သည် တွံတေးမြို့နယ် ကျွန်းတော(၅)လမ်း သဲအင်းဂူ ကျောင်းတိုက် တွင် တရားအားထုတ်လျက်ရှိသော သံဃာတော်များ၊ အမျိုးသားယောဂီနှင့် အမျိုးသမီးယောဂီများ စုစုပေါင်း (၇၅)ဦး၊ ကျား (၂၂)ဦး၊ မ(၅၃)ဦး အား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပြီး စင်္ကြာမင်းတိုင်းရင်းဆေးဝါး ထုတ်လုပ်ရေးမှ လှူဒါန်းသော ဆေးဝါးများဖြင့်ကုသိုလ်ပြုလှူဒါန်းခဲ့ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။