ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် တံတားမြို့တိုင်းရင်းဆေးကုဌာနမှ (၁၁-၁၀-၂၀၂၄) သောကြာနေ့ နံနက် (၁၀:၀၀) နာရီမှ နေ့လယ် (၂:၀၀) နာရီ အချိန်ထိ မြို့နယ်တိုင်းရင်း ဆေးမှူး ဦးအောင်ဟိန်းသူ ဦးဆောင်သော ကွင်းဆင်းအဖွဲ့သည် တံတားမြို့၊ ပုတ္တလုတ်ကျေးရွာ၊ မင်္ဂလာရာမဘုန်းကြီးကျောင်းဝင်းတွင် ကျေးရွာသူ/ကျေးရွာသား လူဦးရေ (၄၀)ဦးအား “သိမှတ် ဖွယ်ရာ မြန်မာ့တိုင်းရင်းဆေး ဆေးနည်းများအကြောင်း” ကျန်းမာရေးအသိပညာပေး ဟောပြော ၍ ကျား လူနာ(၂၀)ဦး၊ မ လူနာ(၃၅)ဦး၊ စုစုပေါင်းလူနာ (၅၅) ဦးတို့အား တိုင်းရင်း ဆေးဝါးများဖြင့် ကွင်းဆင်းဆေးကုသမှုပေးခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။