ရန်ကုန်တိုင်းဒေသကြီး ခုတင် (၁၀၀)ဆံ့ တိုင်းရင်းဆေးရုံကြီးမှ တိုင်းရင်းဆေးမှူး ဒေါ်ခင်မြတ်ကျော်၊ တိုင်းရင်းဆေးမှုး ဒေါ်အိအိကျော်၊ အလုပ်သင်ဆရာ ဦးမင်းသူဟိန်းနှင့် အကြီးတန်းလက်နှိပ်စက် ဒေါ်နီနီအောင်တို့ ပါဝင်သောအဖွဲ့သည် (၁၁-၁၀-၂၀၂၄) ရက် သောကြာနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ သက်ကြီးရွယ်အိုများနေ့ပိုင်း စောင့်ရှောက်ရေးဂေဟာ၌ နံနက် (၉) နာရီမှ နေ့လည် (၁၂) နာရီအထိ ကွင်းဆင်း ဆေးကုသမှု ဆောင်ရွက်ပေးခဲ့ရာ ကျား (၃၆) ဦး၊ မ (၄၉) ဦး၊ လူနာဦးရေ စုစုပေါင်း (၈၅) ဦး တို့အား အခမဲ့ကွင်းဆင်းဆေးကုသမှု့များဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။