the republic of the union of myanmar

ministry of health

Department of Traditional Medicine

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ ခုတင်(၅၀)ဆံ့ တိုင်းရင်းဆေးရုံမှ တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ ခုတင်(၅၀)ဆံ့ တိုင်းရင်း ဆေးရုံမှ (၁၁-၁၀-၂၀၂၄) ရက်နေ့တွင် ဆေးရုံအုပ် ဦးကျော်စိန်၊ တိုင်းရင်းဆေးမှူး ဒေါ်စောအိအိဖြိုးတို့ ဦးဆောင်သော အဖွဲ့သည် ဝါဂွမ်းရွာ၊ ရန်အောင်မြင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ပညာပေး ဟောပြောခြင်းနှင့် ကွင်းဆင်းဆေးကုသခြင်းတို့ ဆောင်ရွက်ပေးခဲ့ရာ ကျား ၁၆ ဦး၊ မ ၂၀ ဦး၊ စုစုပေါင်း ၃၆ ဦးတို့အား ဆေးကုသပေးခဲ့ပြီး   လူဦးရေ ၅၀ ဦးတို့အား ဆေးရုံအုပ်မှ ကျန်းမာရေး အသိပညာပေး ဟောပြောပေးကြောင်း သိရသည် ။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း