မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့ ၁၆ ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ၁၀.၁၀..၂၀၂၄ ရက်နေ့တွင် ဒုတိယဆေးရုံအုပ် ဒေါ်သက်နှင်းဦးနှင့် ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်မျိုးမျိုးသန့်တို့ ဦးဆောင်သောအဖွဲ့သည် ရေကြီးမှုခံစားခဲ့ရသော ကျောက်ချပ် ကျေးရွာသို့ လူနာဦးရေ ကျား ၁၆ ဦး မ ၃၇ ဦး စုစုပေါင်း ၅၃ ဦးတို့အား ကွင်းဆင်း ကုသမှုပေးခြင်း၊ ဝမ်းပျက်ရောဂါအသိပညာပေးဟောပြောခြင်း များဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။