တိုင်းရင်းဆေးပညာဦးစီးဌာန(ရုံးချုပ်)နှင့် တိုင်းဒေသကြီးဦးစီးဌာနမှူးတို့၏ လမ်းညွှန်ချက်ဖြင့် ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၉.၁၀.၂၀၂၄) ရက်နေ့တွင် ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ခင်ထွန်းဦးသည် ဒိုက်ဦးမြို့ ကန်တော်မင်္ဂလာ ပရဟိတစာသင်ကျောင်းတွင် လူကြီး ကျား(၄၃ )ဦး ကလေးကျား(၁၂)ဦး စုစုပေါင်း(၅၅)ဦးအား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။