ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန တိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် ပြည်ခရိုင်ရွှေတောင်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၄/၁၀/၂၀၂၄) ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှူးဒေါ်နီလာမြင့်သည်ရွှေတောင်မြို့နယ်ပြန်ကြားရေးနင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊စားသုံးသူရေးရာဦးစီးဌာန အားကစားနှင့် လူငယ်ရေး ရာတို့နှင့် ပူးပေါင်း၍ ရွှေတောင်မြို့နယ်မီးလောင်ကျေးရွာရှိ (အမက မီးလောင်) ကျောင်းသို့သွားရောက်၍ ဩဇာပင်အကြောင်းသိကောင်းစရာ အကြောင်းကို ကျောင်းသား/ ကျောင်းသူ (၄၀)ဦးအား အသိပညာပေး ဟောပြောခဲ့ပြီး ကျား(၁၂)ဦး မ(၂၃)ဦးစုစုပေါင်း(၃၅)ဦးအားကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပြီးရွှေတောင်မြို့နယ် ကိုးတွင်း စင်ကျေးရွာရှိ (အမကကိုးတွင်းစင်)ကျောင်း၌ ဆေးဖက်ဝင် ရှောက်ပင်အကြောင်းကို ကျောင်းသား/ကျောင်းသူ(၃၀)ဦးအား အသိပညာပေးဟောပြောခဲ့ပြီးကျား(၇)ဦးမ(၁၈)ဦး စုစုပေါင်း (၂၅)ဦးအား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်းသိရသည်။