ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ရွှေတောင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၃/၁၀/၂၀၂၄) ရက်နေ့တွင် တိုင်းဒေသကြီးဦးစီးဌာနမှူး၏လမ်းညွှန်မှုဖြင့် ပြည်ခရိုင်ရွှေတောင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်နီလာမြင့်သည် ရွှေတောင်မြို့နယ် ပြန်ကြားရေးနင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ရွှေတောင်မြို့နယ် ယောဒေါင့်ကျေးရွာရှိ (အမက ယောဒေါင့်) ကျောင်းသို့ သွားရောက်၍ ဆေးဖက်ဝင်ခရေပင်အကြောင်းကိုကျောင်းသား /ကျောင်းသူ (၇၀)ဦးအား အသိပညာပေး ဟောပြောခဲ့ပြီး ကျား(၂၈)ဦး မ(၃၂)ဦး စုစုပေါင်း(၆၀)ဦးအား ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ပြီး ရွှေတောင်မြို့နယ် စစ်ကိုင်းကျွန်းရှိ (အမကစစ်ကိုင်းကျွန်း ) ကျောင်း၌ မီးဖိုချောင်သုံးတိုင်းရင်းဆေးဝါးများအကြောင်းကို ကျောင်းသား/ကျောင်းသူ (၂၅)ဦးအား အသိပညာပေးဟောပြောခဲ့ပြီးကျား(၁၃)ဦးမ(၇)ဦး စုစုပေါင်း (၂၀)ဦးအား တိုင်းရင်းဆေးပညာဖြင့်ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။