ဧရာဝတီတိုင်းဒေသကြီး (၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံ ပုသိမ်မှ (၅.၁၀.၂၀၂၄) ရက်၊ စနေနေ့တွင် ဆေးရုံအုပ်နှင့် ဆရာ/ဆရာမ အဖွဲ့ဝင် (၇)ဦးတို့သည် ပုသိမ်မြို့နယ်၊ ရွှေမြင်တင်ကျေးရွာရှိ ရွှေမြင်တင် ဘိုးဘွားရိပ်သာသို့ ကွင်းဆင်းဆေးကုသပေးခဲ့ရာ ကျား(၉)ဦး၊ မ (၃၁)ဦး၊ စုစုပေါင်း (၄၀)ဦးတို့အား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။