မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ရေနံချောင်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ၁.၁၀.၂၀၂၄ ရက် (အင်္ဂါနေ့) နံနက်၁၀:၀၀ နာရီ အချိန်တွင် တိုင်းရင်းဆေးပညာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ရေနံချောင်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ် တိုင်းရင်းဆေးမှူး ဒေါ်မြင့်မြင့်ကြည် သည် အမက (၄) လှည်းတန်းကျောင်းတွင် မြို့နယ် ကျန်းမာရေးအဖွဲ့နှင့်ပူးပေါင်း၍ ကျောင်းသား ၈၅ဦး၊ကျောင်းသူ ၆၅ဦး၊ စုစုပေါင်း ၁၅၀ ဦးအား ဝဲယားနာရောဂါနှင့်ပတ်သက်၍ လုပ်ဆောင်ရမည့်အချက်များ၊ အသုံးပြုနိုင်သော ဆေးဖက်ဝင်အပင်များအကြောင်း ကျန်းမာရေးအသိ ပညာပေးဟောပြော၍ လူကြီး (မ)- ၄ ဦး၊ ကလေး (ကျား)-၂၀ ဦး၊ ကလေး (မ)-၂၆ ဦး၊ စုစုပေါင်းလူနာ ၅၀ ဦး အား ကွင်းဆင်း ဆေးကုသမှု ဆောင်ရွက်ခဲ့ကြောင်းသိရသည်။