ရှမ်းပြည်နယ်၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ၁-၁၀-၂၀၂၄ ရက်နေ့တွင် ရှမ်းပြည်နယ်၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဒုတိယပြည်နယ်မှူး၊ ဆေးရုံအုပ်၊ ခရိုင်ဦးစီးမှူးနှင့် ဆရာမ (၃)ဦး တို့သည် ညောင်ရွှေမြို့ သာသနာ (၂၅၀၀)ဓမ္မာရုံ ညောင်ရွှေရေဘေးကယ်ဆယ်ရေး စခန်းသို့ သွားရောက်ပြီး ကျား(၂၃)ဦး မ(၃၉)ဦး ကျားလေး(၈)ဦး မလေး(၁)ဦး စုစုပေါင်း(၇၁)ဦးတို့အား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။