ဒုတိယဆေးရုံအုပ် ဦးဆန်းလှိုင်မှ လည်ဆစ်ရိုးကျီးပေါင်းရောဂါအား လေ့လာခြင်းစာတမ်းအား ဖတ်ကြားပြီး ဆေးရုံအုပ်၊ ကျိုင်းတုံခရိုင် တိုင်းရင်းဆေးမှူး၊ တာချီလိတ်နှင့် ကျိုင်းတုံမြို့နယ်မှူး၊ ကျိုင်းတုံ တိုင်းရင်းဆေး ဆရာ အသင်းဝင်များနှင့် စိတ်ပါဝင်စားသူ ၃၁ ဦး တက်ရောက်ဆွေးနွေးကြပါသည်။
စာတမ်းရှင်အား တိုင်းရင်းဆေးဆရာအသင်း ဗဟို အလုပ်အမှူဆောင် ဆရာ ဦးဇော်လင်း(လင်းသုခဆေးခန်း) ၊ ဆရာမဒေါ်နော်ခမ်းချစ် မိသားစုမှ ဂုဏ်ပြုဆုငွေ ကျပ် တစ်သိန်း ချီးမြှင့် ခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။