မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြိုနယ် တိုင်းရင်းဆေးကုဌာနမှ ၂၀-၉-၂၀၂၄ ရက်နေ့တွင် မြင်းနားကျေးရွာသို့ သွားရောက်၍ ကွင်းဆင်းဆေးကုသရာတွင် ဒုတိယဆေးရုံအုပ် ဒေါ်နှင်းကြွေ၊ ဒုတိယတိုင်းရင်းဆေးမှူး ဦးကျော်သူရ၊ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်သန္တာအောင်နှင့် ဌာနခွဲစာရေးကြီး ဒေါ်စန်းစန်းရင် တို့ ပါဝင်သည်အဖွဲ့သည် ကျားလူကြီး၁၅ ဦး၊ မလူကြီး ၁၇ ဦး၊ မကလေး(၃)ဦး၊ စုစုပေါင်း(၃၇)ဦးအား ဆေးကုသပေး ခဲ့ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။