မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် တိုင်းရင်းဆေး ကုဌာနမှ (၂၀-၉-၂၀၂၄) ရက်နေ့တွင်၊ ခရိုင်တိုင်းရင်းဆေးမှူး ဦးဇော်လင်းထင်၊ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဆွေဆွေမြင့်တို့ ဦးဆောင်သောအဖွဲ့သည် ကျောက်ဆည်မြို့၊ ဝေဘူကျောင်းတိုက်အတွင်ရှိ ရေဘေးရှောင် ပြည်သူများဆီသို့ ကွင်းဆင်း၍ ကျားလူကြီး(၁၂)ဦး၊ မလူကြီး(၁၅)ဦး၊ ကျားကလေး (၅)ဦး၊ မကလေး(၃)ဦး စုစုပေါင်း(၃၅)ဦး တို့အား ဆေးကုသပေးခဲ့ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။