the republic of the union of myanmar

ministry of health

Department of Traditional Medicine

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် တံတားမြို့တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် တံတားမြို့တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဦးဆောင်သော ကွင်းဆင်းအဖွဲ့သည် ၁၉.၉.၂၀၂၄ ကြာတာပတေးနေ့ နံနက် ၁၀:၀၀နာရီမှ နေ့လည် ၁:၀၀နာရီအချိန်ထိ တံတားမြို့ အ.ထ.ကစာသင်ကျောင်း၌ မြို့နယ်တိုင်းရင်းဆေးမှူး ဦးအောင်ဟိန်းသူမှ  ကျောင်းသား/ကျောင်းသူ ဦးရေ(၁၆၀)ဦးအား `တစ်ကိုယ်ရေသန့်ရှင်းရေး အကြောင်း ကျန်းမာရေးအသိပညာပေး ဟောပြော၍ ကျား(၂၀)ဦး နှင့် မ(၅၄)ဦး စုစုပေါင်း (၇၄)ဦး တို့အား တိုင်းရင်းဆေးဝါးများဖြင့်`ကျောင်းကျန်းမာ ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း