the republic of the union of myanmar

ministry of health

Department of Traditional Medicine

တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများသည် ယာယီရေဘေးရှောင်စခန်းမှ ပြည်သူများအား အားပေးစကား ပြောကြားပြီး တိုင်းရင်းဆေးဝါးများ ပေးအပ်လှူဒါန်း

Error message

Notice: Undefined index: field_images in include() (line 5 of /var/www/html/sites/all/themes/dtm/template/node/node--article.tpl.php).

ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာဒေါ်စုစုဒွေးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးဝါးထုတ်လုပ်သူများနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၁၇) ရက်နေ့တွင် နေပြည်တော် ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်းရှိ သရက်ခုံ(အရှေ့)ရွာ၊ သဲကောကြီး ကျေးရွာ (ကျွဲဖြူတောင်ကျောင်းတိုက်)၊ အေလာမြို့နယ်အတွင်းရှိ ရတနာပုံတော ရကျောင်းတိုက်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ အုန်းတောပရိယတ္တိစာသင်တိုက်၊ မင်္ဂလာဗျူဟာ ဓမ္မဗိမာန်၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ဥပ္ပါတသန္တိစေတီ(တပေါင်းကွင်းကဇာတ်ရုံ)၊ မရှိခဏ ဘုန်းတော်ကြီး ကျောင်း၊ တပ်ကုန်းမြို့ အထက (၂) ယာယီရေဘေးရှောင်စခန်းများတွင် တိုင်းရင်း ဆေးပညာ ဦးစီးဌာနနှင့်  မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်းတို့ ပူးပေါင်းဖွင့်လှစ်ထားသည့် တိုင်းရင်း ဆေးခန်းများသို့ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ ကြည့်ရှုစစ်ဆေး လမ်းညွှန်မှာကြားခြင်း၊  ယာယီရေဘေးရှောင်စခန်းမှ ပြည်သူများအား အားပေးစကား ပြောကြားပြီး တိုင်းရင်းဆေးဝါးများ ပေးအပ်လှူဒါန်း၍ အဆိုပါတိုင်းရင်းဆေးခန်းများသို့ လာရောက်ကုသသည့် လူနာများအတွက် မြန်မာနိုင်ငံတိုင်းရင်းဆေးဝါးထုတ်လုပ်သူများနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းက လှူဒါန်းသည့် တိုင်းရင်းဆေးဝါးများအား ပေးအပ် လှူဒါန်းခဲ့ကြောင်းသိရသည်။

 

 

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ