နေပြည်တော် ခုတင် ၁၀၀ ဆံ့ တိုင်းရင်းဆေးရုံမှ ဦးဆောင်၍ ၁၄-၉-၂၀၂၄ ရက်နေ့တွင် ရေဘေးကယ်ဆယ်ရေး စခန်း ဥပ္ပါတသန္တိဘုရားတပေါင်းကွင်း၌ ဒုတိယနေ့ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ရာ လူနာ ၆၁ဦးအား ဆေးဝါးကုသပေးခဲ့ကြောင်းသိရသည်။ ထို့ပြင်မဂ်လာဗျူဟာသာသနဗိမာန်တော်ကြီးတွင်လည်း ဒုတိယနေု့ ရေဘေးကယ်ဆယ်ရေး စခန်းရှိပြည်သူများအားကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ရာ လူနာ ၇၁ ဦး ဆေးဝါးကုသပေးခဲ့ ကြောင်းနှင့် မရှိခဏဘုရားရေဘေးကယ်ဆယ်ရေးစခန်း ဒုတိယနေ့ကျန်းမာရေး စောင့်ရှောက်မှု တွင် လူနာ ၃၅ ဦးဆေးဝါးကုသပေးနိုင်ခဲ့ ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။