နေပြည်တော် ဒက္ခိဏခရိုင်တိုင်းရင်းဆေးကုဌာနမှ ၁၃-၉-၂၀၂၄ ရက်နေ့တွင် ပျဉ်းမနား မြို့အုန်းတော ပရိယတ္တိစာသင်တိုက်၌ ရေဘေးသင့်ပြည်သူများအားတိုင်းရင်းဆေးပညာဖြင့် ကျန်းမာ ရေးစောင့်ရှောက်မှု ပေးရာတွင် လူကြီး ကျား ၃၀ ဦး မ ၆၇ ဦး ကလေး ကျား ၄ ဦး မ ၄ ဦး တို့အား ဆေးကုသပေးခဲ့ကြောင်းသိရသည်။
နေပြည်တော် ခုတင် ၁၀၀ ဆံ့ တိုင်းရင်းဆေးရုံမှ ၁၃-၉-၂၀၂၄ ရက်နေ့တွင် တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းဆေးကုသပေးခဲ့ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။