ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ပေါင်းစပ်မှုဖြင့်၊ လှည်းကူး မြို့နယ်ဆေးရုံတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသောင်းဒန်ဦးနှင့် အဖွဲ့မြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ပြည့်ပြည့်ဖြိုး နှင့်အဖွဲ့သည် မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့နှင့် ပူးပေါင်း၍ (၁၁-၉-၂၀၂၄) ရက်နေ့ နံနက်(၉) နာရီ မှ နေ့လည် (၁၂) နာရီ အထိ သက်ကြီးရွယ်အို ဘိုးဘွား (၂၅) ဦး အား “သွေးတိုး ရောဂါ အကြောင်း”ပညာပေးဟောပြော၍ ကျား (၃) ဦး၊ မ (၄၅) ဦး၊ စုစုပေါင်း (၄၈) ဦး တို့အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။