the republic of the union of myanmar

ministry of health

Department of Traditional Medicine

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ရေတာရှည်မြို့ (၁၆) ခုတင်ဆံ့တိုင်းရင်းဆေးရုံမှ တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

ပဲခူးတိုင်း​ဒေသကြီး၊  တိုင်း​ဒေသကြီးဦးစီးဌာနမှူး၏လမ်းညွှန်​မှုဖြင့်​ တောင်​ငူခရိုင်​ရေတာရှည်​မြို့ (၁၆) ခုတင်​ဆံ့တိုင်းရင်း​ဆေးရုံမှ (၁၁-၉-၂၀၂၄) ရက်​နေ့၊ ​နေ့လည် (၁၂:၀၀)နာရီ အချိန်​တွင် ဆေးရုံအုပ်​ ​ဒေါ်ခင်​စန်းလှိုင်​ ၊​ လက်​ထောက်​တိုင်းရင်း​ဆေးမှူး ဒေါ်​အေးငြိမ်းစံ  ၊ မြိုနယ်​တိုင်းရင်း​ဆေးကုဌာနမှ​ မြို့နယ်​တိုင်းရင်း​ဆေးမှူး ဒေါ်​မေနှင်း  တို့ပူး​ပေါင်း၍ ​​ရေတာရှည်​မြို့​ခေမာနနဒီ သီလရှင်​စာသင်​တိုက်​သို့သွား​ရောက်​၍ သီလရှင်​ဆရာကြီး၊ ဆရာ​လေး (၂၇) ပါးအား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာ​ရေး​စောင့်​ရှောက်​မှု​ပေးခဲ့ကြောင်းသိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း