the republic of the union of myanmar

ministry of health

Department of Traditional Medicine

မကွေးတိုင်းဒေသကြီး၊ မ‌ကွေးခရိုင်၊ ရေနံချောင်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

မကွေးတိုင်းဒေသကြီး၊ မ‌ကွေးခရိုင်၊ ရေနံချောင်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ၉-၉-၂၀၂၄ ရက် (တနင်္လာနေ့) နံနက်၁၀:၀၀ နာရီ အချိန်တွင် ရေနံချောင်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်မြင့်မြင့်ကြည် သည် အမက (၅) အိုးဘိုကျောင်းတွင် မြို့နယ်ကျန်းမာရေးအဖွဲ့နှင့်ပူးပေါင်း၍ ကျောင်းသား ၅၀ ဦး၊ ကျောင်းသူ ၅၀ ဦး၊ စုစုပေါင်း ‌၁၀၀ ဦး အား လတ်တလောထိခိုက်ဒဏ်နာနှင့်ပတ်သက်၍ လုပ်ဆောင်ရမ ည့်အချက်များ၊ အသုံးပြုနိုင်သောဆေးဖက်ဝင်အပင်များအကြောင်း ကျန်းမာရေးအသိ ပညာပေးဟောပြော၍ လူကြီး(မ)- ၃ဦး၊ ကလေး (ကျား)-၂၀ ဦး၊ ကလေး (မ)-၁၇ ဦး၊ စုစုပေါင်းလူနာ ၄၀ ဦးအား ကွင်းဆင်းဆေးကုသမှု  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း