the republic of the union of myanmar

ministry of health

Department of Traditional Medicine

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့ (၂၅)ခုတင်ဆံ့တိုင်းရင်းဆေးရုံမှ တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း

​မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့ (၂၅)ခုတင်ဆံ့တိုင်းရင်း​ဆေးရုံမှ ​‌(၉-၉-၂၀၂၄)ရက်​နေ့တွင် ဒုတိယဆေးရုံအုပ် ​ဦးတင်စိုး ဦး​ဆောင်​​သောအဖွဲ့သည် ညောင်ဦးမြို့၊ သာသနာ့ရောင်ခြည်သီလရှင်စာသင်တိုက်၌ ကွင်းဆင်းဆေးကုသခြင်းနှင့် ကျန်းမာရေးအသိပညာပေးဟောပြောခြင်းတို့ကို ဆောင်ရွက်ခဲ့ရာ ​ (မ-လူကြီး) (၃၅)ဦးကို ဆေးကုသမှုပေးခြင်း၊ ဟောပြောပွဲသို့ တက်ရောက်ဦး​ရေ (၅၀)ဦးအား "ဆီးဝမ်းသွေးလေ ဤလေးထွေ ဓါတ်တွေမှန်မှ ကျန်းမာကြ" ခေါင်းစဥ်ဖြင့် ကျန်းမာ​ရေးအသိပညာ​ပေး​ဟော​ပြောခြင်းတို့ကို ဆောင်ရွက်​ပေးခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း