ပဲခူးတိုင်းဒေသကြီး လှည်းကူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ပေါင်းစပ်မှု့ဖြင့် လှည်းကူး မြို့နယ် ဆေးရုံတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသောင်းဒန်ဦးနှင့်အဖွဲ့ မြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ပြည့်ပြည့်ဖြိုးနှင့် အဖွဲ့သည် မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့နှင့်ပူးပေါင်း၍ (၄.၉.၂၀၂၄)ရက် နေ့ နံနက်(၉)နာရီမှ နေ့လည်(၁၂)နာရီအထိ သက်ကြီးရွယ်အိုများအား ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ရာ ကျား(၆)ဦး၊ မ(၅၅)ဦး၊ စုစုပေါင်း(၆၁) ဦးတို့အား တိုင်းရင်းဆေးဖြင့် ဆေးကုသမှုပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။