ရန်ကုန်တိုင်းဒေသကြီး ခုတင် (၁၀၀)ဆံ့ တိုင်းရင်းဆေးရုံကြီးမှ (၁.၉.၂၀၂၄)ရက် တနင်္ဂနွေနေ့တွင် အကြီးတန်း တိုင်းရင်းဆေးမှူး ဒေါ်ရီရီလှ ဦးဆောင်၍ တိုင်းရင်းဆေးမှူး ဒေါ်သိင်္ဂီကျော်၊ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်နှင်းအိအိဖြူ၊ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်သန္တာဦး၊ အလုပ်သင်ဆရာ ဦးလှိုင်မင်းဦးနှင့် အလုပ်သင် ဆရာမ ဒေါ်နေခြည်ပိုင်ထွန်းတို့ပါဝင်သောအဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အုတ်ဖို ကျေးရွာ အုပ်စု၊ ဘိုရှည်ကုန်းကျေးရွာ၊ ခေမာသိဒ္ဓိမင်းကျောင်း ပရိယတ္တိစာသင်တိုက်၌ နံနက်(၉)နာရီမှ နေ့လယ် (၁၂)နာရီအထိ ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ပေးခဲ့ရာ လူနာဦးရေ (၇၅)ဦးတို့အား အခမဲ့ကွင်းဆင်း ဆေးကုသမှု့ ဆောင်ရွက်ပေးခဲ့ပြီး မိုးရာသီတွင်ဖြစ်တတ်သောရောဂါများနှင့် ဆောင်ရန်၊ရှောင်ရန်များ ခေါင်းစဥ်ဖြင့် ကျန်းမာရေးအသိပညာပေးဟောပြောခဲ့ရာ ဟောပြောပွဲတက်ရောက်သူ စုစုပေါင်း ဦးရေ (၉၀)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။