ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၂၈-၈-၂၀၂၄) ရက်နေ့တွင် လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်အေးမြတ်စိုးသည် ပြည်သူ့ ကျန်းမာရေးအဖွဲ့နှင့်ပူးပေါင်း၍ အမက မန်ကျီးတန်းကျောင်းသို့ ကျောင်းကျန်းမာရေး စစ်ဆေးခြင်းနှင့် ကွင်းဆင်းဆေးကုသမှုများပြုလုပ်ခဲ့ပြီး ကျား ကလေး (၁၀) ဦး၊ မ ကလေး (၁၃) ဦး၊ မ (လူကြီး) (၄) ဦး၊ စုစုပေါင်း (၂၇) ဦး တို့အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေး စောင့်ရှောက်မှုများဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။