ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၂၇-၈-၂၀၂၄) ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ထက်ထက်ဝေသည် သာကေတမြို့နယ် (၁၀) ရပ်ကွက်အတွင်း တည်ထားကိုးကွယ်သော (၁၀၈)တောင် ဘုရားရင်ပြင်တွင် သီတင်းသီလ ဆောက်တည်ကြ သော ယောဂီများ၊ ဘုရားဖူး များအား “မျောက်ကျောက်ရောဂါအကြောင်း သိကောင်း စရာများ” အကြောင်းကျန်းမာရေးအသိ ပညာပေးဟောပြောခြင်းနှင့် အထွေထွေရောဂါ လာရောက်ပြသ ကြသော လူနာ (၁၂၃) ဦးအား တိုင်းရင်းဆေးဖြင့် ကွင်းဆင်းဆေး ကုသမှုပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများဆောင် ရွက်ပေးခဲ့ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။