ပဲခူးတိုင်းဒေသကြီးတိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် ပြည်ခရိုင် ရွှေတောင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ ၂၄-၈-၂၀၂၄ ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်နီလာမြင့်နှင့် လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်ဇာဇာအောင် တို့သည် ရွှေတောင်မြို့နယ် မြန်မာနိုင်ငံအမျိုးသမီးရေးရာနှင့် မြန်မာနိုင်ငံ မိခင်နှင့်ကလေး အဖွဲ့များနှင့်အတူ ကြို့ကုန်းကျေးရွာရှိ ရွှေတောင်ဘိုးဘွားရိပ်သာသို့ သွား ရောက်ကာ ကျား(၄)ဦး၊ မ(၁၆)ဦး စုစုပေါင်း အဘိုးအဘွား (၂၀)ဦးအား တိုင်းရင်းဆေးဝါးများ လှူဒါန်းခဲ့ပြီး တိုင်းရင်းဆေးပညာဖြင့်ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။