ပဲခူးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးဌာနမှူး၏လမ်းညွှန်မှုဖြင့် ရွှေကျင်မြို့နယ် တိုင်းရင်း ဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်အိမွန်ဦးနှင့် လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်အေးသူသူဝင်းသည် မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့်ပူးပေါင်း၍(၂၂-၈-၂၀၂၄) ရက်နေ့တွင် ရွှေကျင်မြို့နယ် အ.ထ.က (တပ်နယ်) ရွှေကျင်ကျောင်းသို့ ကျောင်းကျန်းမာရေးသွားရောက် စစ်ဆေးခဲ့ရာ ကျောင်းသား (၁၁) ဦး ၊ ကျောင်းသူ (၁၄) ဦး၊ စုစုပေါင်း (၂၅) ဦး တို့အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။