ရန်ကုန်တိုင်းဒေသကြီး၊ ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံကြီးမှ (၂၁-၈-၂၀၂၄) (ဗုဒ္ဓဟူး) နေ့တွင် ဒုတိယဆေးရုံအုပ် ဒေါ်ယဉ်ယဉ်မြင့် ဦးဆောင်ပြီး ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်မေသွေးကို၊ အလုပ်သင်ဆရာ ဦးလှိုင်မင်းဦး၊ အကြီးတန်းလက်နှိပ်စက် ဒေါ်နီနီအောင် တို့ပါဝင်သောအဖွဲ့ သည် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ဓမ္မသဒ္ဓိဘုန်းတော်ကြီး ပညာသင်ကျောင်း၌ နေ့လည် (၁၂) နာရီမှ ညနေ(၄) နာရီအထိ ကွင်းဆင်းဆေးကုသ မှု ဆောင်ရွက်ပေးခဲ့ပြီး လူနာဦးရေ (၁၆၈) ဦးတို့အား အခမဲ့ကွင်းဆင်းဆေး ကုသမှုဆောင် ရွက်ပေးခဲ့ပြီး “ရာသီ တုပ်ကွေးနှင့်ဆောင်ရန်၊ ရှောင်ရန် တိုင်းရင်းနည်းလမ်းများ”ခေါင်းစဉ်ဖြင့် ကျန်းမာရေး အသိပညာပေးဟောပြောခဲ့ရာ ဟောပြောပွဲ တက်ရောက် သူဦးရေ (၁၅၀) ဦးတက်ရောက်ခဲ့ ကြောင်း သိရသည်။