the republic of the union of myanmar

ministry of health

Department of Traditional Medicine

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် သန်လျင်မြို့နယ် တိုင်းရင်းဆေးကုဌာနနှင့် မြို့နယ်ပြန် ကြားရေးနှင့် ပြည့်သူ့ဆက်ဆံရေးတို့ပူးပေါင်း၍ တိုင်းရင်းဆေးပညာဖြင့် ကျောင်းကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် သန်လျင်မြို့နယ် တိုင်းရင်းဆေးကုဌာနနှင့် မြို့နယ် ပြန်ကြားရေးနှင့် ပြည့်သူ့ဆက်ဆံရေးတို့ပူးပေါင်း၍ (၁၈-၈-၂၀၂၄) ရက်နေ့တွင် အထက (၃) ၌ ကျန်းမာရေးအသိပညာပေးခြင်းနှင့် တိုင်းရင်းဆေးဖြင့် ဆေးကုသပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဝါဝါလင်းမှ “မိုးရာသီတွင်ဖြစ်တက် သောရောဂါများ” အကြောင်း အသိပညာပေးဟောပြောခဲ့ပြီး (၈၀) ဦး တက်ရောက်ခဲ့ပြီး  တိုင်းရင်း‌ဆေးဖြင့် ကျောင်းကျန်းမာရေး စစ်ဆေးရာတွင် ကလေး ကျား (၂၂) ဦး ၊ ကလေး မ (၂၅) ဦး၊ လူကြီး မ  (၅) ဦး၊ စုစုပေါင်း (၅၂)ဦး တို့အား တိုင်းရင်းဆေးဖြင့်ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း