တနင်္သာရီတိုင်းဒေသကြီး၊ (၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ (၁၆-၈-၂၀၂၄) ရက်နေ့တွင် ဒုတိယတိုင်းရင်းဆေးမှူး ဆရာမဒေါ်ပွင့်ဖြူဖြူသော် ဦးဆောင်သောအဖွဲ့သည် ထားဝယ် မြို့ဘိုးဘွားရိပ်သာ၌ အဘိုး (၂) ဦး၊ အဘွား (၁၀) ဦး၊ စုစုပေါင်း (၁၂) ဦးအား တိုင်းရင်းဆေး အသိပညာပေးဟောပြောခြင်းနှင့် ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။